Connect with us

International

မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ခေါင်းမိုးတက်ပြင်ရာက ပြုတ်ကျပြီး သေဆုံး

Published

on

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆာရပီးမြို့နယ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတယောက် ခေါင်မိုးတက်ပြင်ရာက ပြုတ်ကျလို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရသည်။

ဖြစ်စဉ်မှာ ဆာရပီးမြို့နယ် ထာ့ကွန့်အုပ်စု လောင်းတေရပ်ကွက်ရှိ လမ်းယိုင်းသစ်သီးစက်ရုံမှာ အသက် ၂၅ နှစ်ရွယ် စိုင်းလောဝ်ဆိုတဲ့ လူငယ်တစ်ဦးဟာ ခေါင်မိုးတက်ပြင်ရာ ဆယ်မီတာအမြင့်ပေါ်က ပြုတ်ကျလို့ ဦးခေါင်းကွဲပြီး ဦးနှာက်တွေပါထွက်ကျ သေဆုံးခဲ့တယ်လို့ သိရသည်။

သေဆုံးသူမှာ မြန်မာပြည်က အလုပ်သမားဖြစ်ပြီး အဲဒီနေ့ဘဲ သူတို့ဆီမှာ အလုပ်လာတောင်းလုပ်လို့ သနားတာနဲ့ လက်ခံထားခဲ့ကြောင်း၊ စက်ရုံရဲ့ ခေါင်မိုးမှာ အပေါက်ဖြစ်နေလို့ တက်ဖာခိုင်းရာမှာ မတော်တဆပြုတ်ကျသေဆုံး သွားခဲ့တာလို့ အလုပ်ရှင်က ပြောပါတယ်။

လုပ်ငန်းခွင်မတော်တဆသေဆုံးမှုအတွက် အလုပ်ရှင်နဲ့ ရဲစခန်းမှာ ညှိနှိုင်းရာမှာ အလုပ်ရှင်က အသုဘကြေး ဘတ် ၄ သောင်းကူညီမယ်လို့ သဘောတူခဲ့တယ်လို့သိရပါတယ်။

By Nang May Ei (Sunthit.com)

ဆက်ဖတ်ရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Picks

Celebrity2 weeks ago

ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးသွားတော့မယ့် မင်းသားချောလေး Jang Geun Suk

ကိုရီးယားမင်းသားချော Jang Geun Suk ကတော့ ဖန်သားပြင်ပေါ်ကနေ ပျောက်ချက်သားကောင်းနေတာဟာ ယခုဆို ၂နှစ်နီးပါးလောက်ကို ရှိလို့နေပြီဖြစ်ပေမယ့် မကြာခင်မှာတော့ ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာနိုင်ဖွယ် ရှိလို့နေပါတယ်။ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသား Jang Geun Suk...

Celebrity2 weeks ago

လာမယ့် ၂၀၁၈ခုနှစ်မှာ စစ်မှုထမ်းရတော့မယ့် G-Dragon နဲ့ Taeyang

နာမည်ကျော် တောင်ကိုရီးယား တေးဂီတအဖွဲ့ BIGBANG ရဲ့ အဖွဲ့ဝင်များဖြစ်တဲ့ အဆိုတော် G-Dragon နဲ့ Taeyang တို့နှစ်ဦးဟာ လာမယ့် ၂၀၁၈ခုနှစ်မှာပဲ သူတို့ရဲ့အမိမြေအတွက် စစ်မှုထမ်းတာဝန်တွေကို မလွဲမသွေ ထမ်းဆောင်သွားရတော့မှာဖြစ်တယ်လို့ BIGBANG ရဲ့အေဂျင်စီ YG...

Celebrity2 weeks ago

New Year ညမှာ ဝိုင်းရိုက်ခံရတဲ့ ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး သေဆုံး

ဖေ့ဘုတ်ပေါ်မှာ ဟာသဗီဒီယိုအတိုများတင်ရာကနေ နာမည်ကြီးလာပြီး ဖေ့ဘုတ်မှာ ဖော်လိုဝါ ၁၃ သိန်းကျော်ရှိတဲ့ ရန်ကုန်မြို ့နေ ကိုအောင်ရဲထွေးဟာ ကလပ်တစ်ခုမှာ အုပ်စုဖွဲ ့ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဟာသသရုပ်ဆောင် အောင်ရဲထွေး ( Aung Yell...

Trending