Connect with us

Sport

ရီးရဲလ်ကို မပြောင်းဖြစ်ခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြသွားခဲ့တဲ့ ပေါ့ဘာ

Published

on

မန်ယူအသင်းရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာက ဂျုဗင်တပ်အသင်းကနေ ထွက်ခွာခဲ့ချိန်မှာ ဥရောပထိပ်သီးအသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို မပြောင်းရွှေ့ခဲ့ပဲ မန်ယူအသင်းကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းကို ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာဟာ ဂျုဗင်တပ်အသင်းမှာရှိစဉ်က တောက်လျှောက်ခြေစွမ်းပြနိုင်ခဲ့လို့ ဥရောပရဲ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးလို့ပါ သတ်မှတ်ခံခဲ့ရပြီး ရီးရဲလ်အသင်းရဲ့ ပစ်မှတ်လည်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပေါ့ဘာဟာ ဂျုဗင်တပ်က ထွက်ခွာခဲ့ချိန် ဘာနေဗျူးကွင်းကိုသွားဖို့ထက် အိုးထရက်ဖိုဒ့်ကွင်းကိုသာ ရွေးချယ်ဖြစ်ခဲ့ပါတယ်။

အဆိုပါ အကြောင်းကိစ္စနဲ့ပတ်သက်ပြီး ပေါ့ဘာက “ အရိုးသားဆုံးပြောရရင်တော့ ဂျုဗီကစားသမား ဖြစ်ခဲ့စဉ်တုန်းက မန်ယူကိုပြောင်းဖို့အတွက်ရော ရီးရဲလ်ကိုပြောင်းဖို့အတွက်ပါ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အမြဲတမ်းနှလုံးသားကို ဦးစားပေးတတ်သူလေ။

ကျွန်တော့်နှလုံးသားက အိမ်ပြန်ဖို့ကိုပဲ တိုက်တွန်းနေတယ်။ ဒါက ဘာကြောင့်လဲ ကျွန်တော်မသိခဲ့ဘူး။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာလည်း ကျွန်တော်မသိခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် မန်ယူကို ပြောင်းခဲ့တယ်။ ဒီအတွက်တော့ နောင်တမရဘူး။ ကျွန်တော်ရဲ့ ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တရမနေပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရောက်ရောက်ချင်းနှစ်မှာ ခြေစွမ်းသိပ်မပြနိုင်လို့ ဝေဖန်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ မန်ယူအသင်းရဲ့ မရှိမဖြစ် ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်နေခဲ့ပါတယ်ခင်ဗျာ။

By Si Thu Hein ( Sunthit.com)

ဆက်ဖတ်ရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Sport

အဝတ်လဲခန်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတဲ့ မန်ယူနဲ့မန်စီးတီး

Published

on

By

ပြိုင်ဆိုင်မှုအား ပြင်းထန်လှတဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ အကြိတ်အနယ်ရှိမှုတွေဟာ မြက်ခင်းစိမ်းပေါ်မှာသာ တွေ့မြင်ခဲ့ရတာမဟုတ်ပဲ ပွဲအပြီး အဝတ်လဲခန်းအတွင်းထိပါ ပြသာနာတွေ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေပါ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ယူနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည့်မန်စီးတီးအသင်းက ကွင်းလယ်လူဆေးဗား နောက်ခံလူအော်တာမန်ဒီတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်ယူအသင်းကို ၂ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ ၁၁မှတ်အသာနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခွင့် ရသွားခဲ့ပါတယ်။

ပွဲစဉ် ၁၆ပွဲသာ ပြီးဆုံးသေးချိန်မှာ ဒုတိယနေရာကအသင်းကို ၁၁မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် မန်စီးတီးရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက်ဟာ ဖြစ်နိုင်ခြေတွေ အရမ်းများနေခဲ့ရပြီး ဒါကိုသိနေတဲ့ မန်စီးတီးအသင်းများကလည်း အဝတ်လဲခန်းအတွင်းမှာ အော်ကြီးဟစ်ကျယ်နဲ့ကို အောင်ပွဲခံနေခဲ့ပါတယ်။

ပြသာနာကတော့ မန်စီးတီးအသင်းသားတွေ အလွန်အကျူး အောင်ပွဲခံနေတာကို မော်ရင်ဟိုက လာရောက်ဝေဖန်ခဲ့ရင်းနဲ့ မော်ရင်ဟိုနဲ့ မန်စီးတီးဂိုးသမားအီဒါဆင်တို့ စကားများရာကနေ ပြသာနာစတတ်ခဲ့တာလို့ သိရပါတယ်။

ဒီရန်ပွဲမှာ နှစ်ဖက်အသင်းက လူအယောက် ၂၀လောက် ပါဝင်ပတ်သက်ပြီး ရေဗူးများနဲ့ကောက်ပေါက်ခဲ့ကြရာ မန်ယူနည်းပြမော်ရင်ဟိုမှာလည်း တစ်ကိုယ်လုံးရေတွေရွှဲသွားခဲ့သလို မန်စီးတီးလက်ထောက်နည်းပြ အာတီတာမှာလည်း မျက်ခုံးခွဲသွားခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

By Si Thu Hein ( Sunthit.com )

အပြည့်အစုံဖတ်ရန် နှိပ်ပါ

Picks

Celebrity2 weeks ago

ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးသွားတော့မယ့် မင်းသားချောလေး Jang Geun Suk

ကိုရီးယားမင်းသားချော Jang Geun Suk ကတော့ ဖန်သားပြင်ပေါ်ကနေ ပျောက်ချက်သားကောင်းနေတာဟာ ယခုဆို ၂နှစ်နီးပါးလောက်ကို ရှိလို့နေပြီဖြစ်ပေမယ့် မကြာခင်မှာတော့ ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာနိုင်ဖွယ် ရှိလို့နေပါတယ်။ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသား Jang Geun Suk...

Celebrity2 weeks ago

လာမယ့် ၂၀၁၈ခုနှစ်မှာ စစ်မှုထမ်းရတော့မယ့် G-Dragon နဲ့ Taeyang

နာမည်ကျော် တောင်ကိုရီးယား တေးဂီတအဖွဲ့ BIGBANG ရဲ့ အဖွဲ့ဝင်များဖြစ်တဲ့ အဆိုတော် G-Dragon နဲ့ Taeyang တို့နှစ်ဦးဟာ လာမယ့် ၂၀၁၈ခုနှစ်မှာပဲ သူတို့ရဲ့အမိမြေအတွက် စစ်မှုထမ်းတာဝန်တွေကို မလွဲမသွေ ထမ်းဆောင်သွားရတော့မှာဖြစ်တယ်လို့ BIGBANG ရဲ့အေဂျင်စီ YG...

Celebrity2 weeks ago

New Year ညမှာ ဝိုင်းရိုက်ခံရတဲ့ ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး သေဆုံး

ဖေ့ဘုတ်ပေါ်မှာ ဟာသဗီဒီယိုအတိုများတင်ရာကနေ နာမည်ကြီးလာပြီး ဖေ့ဘုတ်မှာ ဖော်လိုဝါ ၁၃ သိန်းကျော်ရှိတဲ့ ရန်ကုန်မြို ့နေ ကိုအောင်ရဲထွေးဟာ ကလပ်တစ်ခုမှာ အုပ်စုဖွဲ ့ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဟာသသရုပ်ဆောင် အောင်ရဲထွေး ( Aung Yell...

Trending