Connect with us

Celebrity

လာမယ့် ၂၀၁၈ခုနှစ်မှာ စစ်မှုထမ်းရတော့မယ့် G-Dragon နဲ့ Taeyang

Published

on

နာမည်ကျော် တောင်ကိုရီးယား တေးဂီတအဖွဲ့ BIGBANG ရဲ့ အဖွဲ့ဝင်များဖြစ်တဲ့ အဆိုတော် G-Dragon နဲ့ Taeyang တို့နှစ်ဦးဟာ လာမယ့် ၂၀၁၈ခုနှစ်မှာပဲ သူတို့ရဲ့အမိမြေအတွက် စစ်မှုထမ်းတာဝန်တွေကို မလွဲမသွေ ထမ်းဆောင်သွားရတော့မှာဖြစ်တယ်လို့ BIGBANG ရဲ့အေဂျင်စီ YG Entertainment ကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

တကယ်တော့ G-Dragon ရော Taeyang ရောဟာ လာမယ့် ၂၀၁၈ခုနှစ် လလယ်ပိုင်းလောက်မှသာ စစ်မှုထမ်းဖို့ မျှော်လင့်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ၂၀၁၈ခုနှစ် အစောပိုင်းကာလထဲမှာပဲ စစ်မှုထမ်းသွားရဖို့ ရှိနေပြီလို့ YG ကနေ ဒီဇင်ဘာလ ၂၄ရက်နေ့ ထုတ်ပြန်သွားခဲ့ပါတယ်။

G-Draong နဲ့ Taeyang တို့ကတော့ စစ်မှုထမ်းဆောင်ဖို့ ရှိနေပေမယ့်လည်း နောက်ထပ် BIGBANG မန်ဘာဝင်များဖြစ်တဲ့ Daesung နဲ့ Seungri တို့နှစ်ဦးကတော့ သူတို့ရဲ့စစ်မှုထမ်းတာဝန်ကို ရက်ရွေ့ဆိုင်းထားနိုင်ခဲ့ပါတယ်။ အခုလို စစ်မှုထမ်းရတော့မယ့်အကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲအတွင်းမှာ BIGBANG အဖွဲ့သားလေး လေးယောက်က အရိပ်အမြွက် ပြောဆိုသွားခဲ့ပါသေးတယ်။

ထိုဖျော်ဖြေပွဲမှာ BIGBANG အဖွဲ့က ” ဒီဖျော်ဖြေလေး ပြီးဆုံးသွားမှာကို တကယ်စိတ်မကောင်း ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ ခဏတာလောက် မတွေ့ရတော့မှာမို့လို့ပါ ” လို့ ပြောဆိုခဲ့ပါတယ်။  စစ်မှုထမ်းဖို့ရှိနေတဲ့ Taeyang ကတော့ စစ်မှုမထမ်းခင်မှာ သူရဲ့ချစ်သူဖြစ်တဲ့ မင်းသမီးချော Min Hyo Rin နဲ့ လက်ထပ်သွားမှာဖြစ်ကြောင်းကိုလည်း အတိအလင်း ကြေညာထားပါတယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာလ ၃၀ နဲ့ ၃၁ရက်တို့မှာ ကျင်းပပြုလုပ်သွားမယ့် “BIGBANG 2017 Concert ‘Last Dance’ in Seoul ” ဖျော်ဖြေပွဲဟာ လာမယ့်နှစ်နှစ်တာအတွင်း BIGBANG အဖွဲ့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲလည်း ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။

By STH (Sunthit.com )

ဆက်ဖတ်ရန် နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Celebrity

ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးသွားတော့မယ့် မင်းသားချောလေး Jang Geun Suk

Published

on

By

ကိုရီးယားမင်းသားချော Jang Geun Suk ကတော့ ဖန်သားပြင်ပေါ်ကနေ ပျောက်ချက်သားကောင်းနေတာဟာ ယခုဆို ၂နှစ်နီးပါးလောက်ကို ရှိလို့နေပြီဖြစ်ပေမယ့် မကြာခင်မှာတော့ ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာနိုင်ဖွယ် ရှိလို့နေပါတယ်။

မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသား Jang Geun Suk ဟာ အိန်ဂျယ်ချစ်သူလို့ လူသိများတဲ့ You’re Beautiful ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာခဲ့သူဖြစ်ပြီး Love Rain , Pretty Man , Jackpot စတဲ့ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူလည်းဖြစ်ပါတယ်။

Jang Geun Suk ဟာ ၂၀၁၆ခုနှစ်က Jackpot ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ရိုက်ကူးရေးလုပ်ငန်းတွေကနေ အနားယူထားတာဖြစ်ပြီး အခုအခါမှာတော့ Peacock King ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သွားဖို့ ကမ်းလှမ်းခံထားရပြီလို့ သိရပါတယ်။

Peacock King ဇာတ်လမ်းတွဲမှာ Jang Geun Suk သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ပုံစံကတော့ အစိုးရရှေ့နေတစ်ယောက်လို အသွင်ဆောင်ထားပြီး အရမ်းကိုထူးချွန်တဲ့ လူလိမ်တစ်ယောက်ရဲ့ ဇာတ်ရုပ်မျိုးဖြစ်ပါတယ်။

ဒီဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် စဉ်းစားနေဆဲသာဖြစ်ပြီး ပါဝင်ဖြစ်မဖြစ် မဆုံးဖြတ်ရသေးဘူးလို့ Jang Geun Suk ရဲ့ အေဂျင်စီကနေ ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။

By STH ( Sunthit.com )

အပြည့်အစုံဖတ်ရန် နှိပ်ပါ

Celebrity

New Year ညမှာ ဝိုင်းရိုက်ခံရတဲ့ ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး သေဆုံး

Published

on

By

ဖေ့ဘုတ်ပေါ်မှာ ဟာသဗီဒီယိုအတိုများတင်ရာကနေ နာမည်ကြီးလာပြီး ဖေ့ဘုတ်မှာ ဖော်လိုဝါ ၁၃ သိန်းကျော်ရှိတဲ့ ရန်ကုန်မြို ့နေ ကိုအောင်ရဲထွေးဟာ ကလပ်တစ်ခုမှာ အုပ်စုဖွဲ ့ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဟာသသရုပ်ဆောင် အောင်ရဲထွေး ( Aung Yell Htwe) New Year ညက Club တွင် အမည်မသိလူအုပ်စုမှ ခေါင်းကိုသံဖိနပ်များဖြင့်ဝိုင်းဝန်းကန်ခံရရာမှ ဦးခေါင်းတွင်အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ယမန်နေ့က ဆေးရုံတွင် ခွဲစိတ်ခဲ့သော်လည်း ဒဏ်ရာမှာပြင်းထန်လွန်းသဖြင့် ထိုဒဏ်ရာကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဆေးရုံ၌ ကွယ်လွန် သွားခဲ့ပါသည်။

By ; Nang Cherry (Sunthit.com)

အပြည့်အစုံဖတ်ရန် နှိပ်ပါ

Celebrity

ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာပွဲကျင်းပတဲ့ ပုံရိပ်များ

Published

on

By

သရုပ်ဆောင် ယွန်းဝတီလွင်မိုး နှင့် ထက်ဦးလှိုင် တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဒီကနေ့ နံနက်ပိုင်း ဇန်နဝါရီလ (၄) ရက်နေ့ မှာ ရန်ကုန်၊ Melia Hotel တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

By Nang May Ei (Sunthit.com)

အပြည့်အစုံဖတ်ရန် နှိပ်ပါ

Picks

Celebrity2 weeks ago

ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးသွားတော့မယ့် မင်းသားချောလေး Jang Geun Suk

ကိုရီးယားမင်းသားချော Jang Geun Suk ကတော့ ဖန်သားပြင်ပေါ်ကနေ ပျောက်ချက်သားကောင်းနေတာဟာ ယခုဆို ၂နှစ်နီးပါးလောက်ကို ရှိလို့နေပြီဖြစ်ပေမယ့် မကြာခင်မှာတော့ ရုပ်သံဇာတ်လမ်းတွဲအသစ်နဲ့အတူ ပရိသတ်ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိလာနိုင်ဖွယ် ရှိလို့နေပါတယ်။ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ မင်းသား Jang Geun Suk...

Celebrity2 weeks ago

လာမယ့် ၂၀၁၈ခုနှစ်မှာ စစ်မှုထမ်းရတော့မယ့် G-Dragon နဲ့ Taeyang

နာမည်ကျော် တောင်ကိုရီးယား တေးဂီတအဖွဲ့ BIGBANG ရဲ့ အဖွဲ့ဝင်များဖြစ်တဲ့ အဆိုတော် G-Dragon နဲ့ Taeyang တို့နှစ်ဦးဟာ လာမယ့် ၂၀၁၈ခုနှစ်မှာပဲ သူတို့ရဲ့အမိမြေအတွက် စစ်မှုထမ်းတာဝန်တွေကို မလွဲမသွေ ထမ်းဆောင်သွားရတော့မှာဖြစ်တယ်လို့ BIGBANG ရဲ့အေဂျင်စီ YG...

Celebrity2 weeks ago

New Year ညမှာ ဝိုင်းရိုက်ခံရတဲ့ ဖေ့ဘုတ်ဆယ်လီ အောင်ရဲထွေး သေဆုံး

ဖေ့ဘုတ်ပေါ်မှာ ဟာသဗီဒီယိုအတိုများတင်ရာကနေ နာမည်ကြီးလာပြီး ဖေ့ဘုတ်မှာ ဖော်လိုဝါ ၁၃ သိန်းကျော်ရှိတဲ့ ရန်ကုန်မြို ့နေ ကိုအောင်ရဲထွေးဟာ ကလပ်တစ်ခုမှာ အုပ်စုဖွဲ ့ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဟာသသရုပ်ဆောင် အောင်ရဲထွေး ( Aung Yell...

Trending